ညောင်ရွှေ ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကောင်းမြတ်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံမည့် ကျန်းမာရေးဝန်ထမ်းများကိုစာရင်းသွင်းခြင်း၊ ကိုယ် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းတို့ ဆောင်ရွက်ပြီးကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ပေးခဲ့သည်။ ဆက်လက်၍ကာကွယ် ဆေးထိုးနှံပြီးနောက် မိနစ်(၃၀) စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တလောဖျားနာနေသူများ ကို ကာကွယ်ဆေးထိုးနှံပေးခြင်း မရှိကြောင်းသိရသည်။
ညောင်ရွှေမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိဝန်ထမ်း ၂၆၅ ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် ထိုးနှံသွားမည်ဖြစ်ပြီးဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို (၂၈)ရက်ကြာလျှင် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နေမျိုးသူရိန်