Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပဲခူးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရန်အတွက် အဖွဲဝင်(၅)ဦး ပါဝင်သည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jan 30,2021
ပဲခူးမြို့နယ် ရှမ်းရွာကြီးအုပ်စုနှင့် ပေပင်ချောင်းကျေးရွာအုပ်စုတို့တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်ပြနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးအဖွဲ့ဝင် (၅)ဦးအား ဥပဒေ၊ နည်းဥပေဒများနှင့်အညီ ရွေးချယ် ဆောင်ရွက်ရာတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် မြို့နယ်ကြီးကြပ်ရေးအဖွဲ့များမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာလေးဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရ
Jan 30,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီ ဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ လေးဦးအား ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ကောင်းမွန်လာသည့်အတွက် ယနေ့နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါအတွက် ရန်ပုံငွေရှာဖွေရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေ ပေးအပ်ပွဲပြုလုပ်
Jan 30,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ရန်ပုံငွေရှာဖွေရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ကာကွယ်ဆေးဝယ်ယူရန် ကျိုင်းတုံဂရုဏာ သွေးလှူရှင်များ အသင်းက ငွေကျပ် (၆)သိန်း လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန် ကျိုင်းတုံ ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးတို့က လှူဒါန်းငွေကို လက်ခံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ အစည်းအဝေး ကျင်းပ
Jan 30,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၁ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဌဖလား ဖိတ်ခေါ်တောတွင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအားယမန်နေ့ ညနေ (၄) နာရီက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ထုမြို့တွင် ဝဥများ တူးဖော်ရောင်းချ
Jan 30,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့ဒေသရှိ တောင်ယာမြေနှင့် ဥယျာဉ်ခြံမြေများတွင် ဝဥများစိုက်ပျိုးခဲ့ရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး ယခုအခါ တူးဖော်ရောင်းချ နေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် "၀"ဥစိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း ဆင်းပွဲပြုလုပ်
Jan 30,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ "၀"ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ်(၂) ဆင်းပွဲအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ Physical Fitness Dance ပြိုင်ပွဲဝင်များအား T-Shirt ဝတ်စုံများ ထောက်ပံ့
Jan 30,2021
ချင်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဟားခါးမြို့နယ်အတွင်းရှိ Physical Fitness Dance ပြိုင်ပွဲဝင်များအား T-Shirt ဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့၊ ခိုင်ကမ်း အားကစားရုံခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၄)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့်ပုံပြောပြိုင်ပွဲများကို Online မှရိုက်ကူးထုတ်လွှင့် ကျင်းပသွားမည်
Jan 30,2021
(၇၄)နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့်ပုံပြော ပြိုင်ပွဲများကို Online မှတစ်ဆင့် ရိုက်ကူးထုတ် လွှင့်၍ မြဝတီမြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24727
Page
24728
Page
24729
Page
24730
Current page
24731
Page
24732
Page
24733
Page
24734
Page
24735
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department