သတင်းများ

ကျောက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ရာ အိမ်မှူး၊ နှင့်အုပ်ချုပ်ရေးမှူးကောင်းများရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုရပ်မိရပ်ဖများ ရွေးချယ် ခြင်းကိုယနေ့နံနက်(၉)နာရီက ဆားတန်းရပ်ကွက်ဓမ္မာရုံနှင့် တောင်ငူတန်းရပ်ကွက် စာသင်ကျောင်းတို့၌ပြုလုပ် ခဲ့သည်။
ကြို့ပင်ကောက်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်ဖွဲ့စည်းရေး ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး များ စီစစ်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကို ယမန်နေ့ စတင်ဆောင်ရွက်လျက်ရှိသည်။
နတ်တလင်းမြို့နယ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့ မြို့မစည်ပင်သာယာစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး၊ ပွင့်လင်းရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က မီးဘေးကြိုတင် ကာကွယ်ရေးစျေးသူစျေးသားများနှင့် စျေးမိစျေးဖများလက်တွေ့ မီးငြိမ်းသတ် နည်းလေ့ကျင့် ဇာတ်တိုက်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲခြင်းနှင့်အမိုးလန်ခြင်းများဖြစ်ပွား
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မိုးရွာ သွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများအတွင်း နေအိမ်များ ပြိုလဲခြင်းနှင့် အမိုးလန် ခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဂန့်ဂေါမြို့နယ်တွင် အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေကြေး ပေးအပ်
Jan 31,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်ကာလအတွင်း အသက် ၁၀၀ နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေကြေးပေးအပ်ခြင်းကို ဂန့်ဂေါမြို့နယ် ခေါက်ခူ ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်
Jan 31,2021
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ဘဏ္ဍာ ရေး နှစ် ပထမသုံးလပတ် အောက်တိုဘာ ၊နိုဝင်ဘာ၊ ဒီဇင်ဘာလ အတွက်အသက်( ၈၅)နှစ်အထက်ဘိုးဘွား များအား လူမှုရေးပင်စင်(၃၀၀၀၀) ကျပ် နှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် အသက်(၁၀၀) နှစ်ထက် သက်ကြီးရွယ်အို များအားထပ်ဆောင်းထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ ပေး ခဲ့ကြောင်းသိရသည်။
မိုင်းယောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား(နောက်တိုး) အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်
Jan 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား(နောက်တိုး)အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ (နောက်တိုး)အိမ်ထောင်စုများထံသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေးရှင်းလင်းပွဲကျင်းပ
Jan 31,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်းပွဲကို    ယမန်နေ့နံနက်(၁၀)နာရီမှ စတင်၍ လုံထန်ကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်း နှင့် ရွှေယင်စီးကျေးရွာအုပ်စု၊ ပါစင်ကျော်ကျေးရွာ၊ အုပ်ချုပ်ရေ:မှူးရုံးများတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။