သတင်းများ

ဖားကန့်မြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများအနေဖြင့် အသစ်ချမှတ်ထားသော စည်းကမ်းချက်များနှင့်ကိုက်ညီမှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြု‌မည်
Jan 31,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ လာရောက်သူများအနေဖြင့် ဖားကန့်ဒေသခံ မှတ်ပုံတင် ၁/ကမန ပါရှိရမည်ဖြစ်ပြီး မိမိလာရာအရပ်ဒေသမှ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါ ရှိခြင်းနှင့် ဖားကန့်ဒေသတွင်းမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရရှိခြင်း၊ ဝန်ထမ်းများ ဖြစ်ပါက သက်ဆိုင်ရာ ဌာန/ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက်တို့ပါရှိခြင်း၊ စသည့်အချက်များနှင့် အကျုံးဝင် မှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြု‌တော့မည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်​(၁၀၀) ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရန် လှူဒါန်းမှုတို့ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Jan 31,2021
လပွတ္တာခရိုင်၊ ​မော်လမြိုင်ကျွန်း မြို့နယ်ကုတင်(၁၀၀)ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် တပ်ဆင်လှူဒါန်းခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေလှူဒါန်းခြင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့(၅)ဦး ရွေးချယ်
Jan 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ခန့်အပ်နိုင်ရေး အတွက် ကြီးကြပ်ရေးမှူးအဖွဲ့(၅)ဦး ရွေးချယ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း(ဝ) ခရစ်ယာန်ဘုရားကျောင်း၌ ပြုလုပ်သည်။
ရှမ်းပြည်နယ်ဥပဒေချုပ် မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 31,2021
ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီမှတာဝန်ရှိသူများ ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရန် ထန်ပညာဂူ သို့ ကွင်းဆင်းကြည့်ရှု
Jan 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင် နှင့် မြို့နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများသည် ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေးအတွက် "ထန်ပညာဂူ" သို့ ယမန်နေ့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Jan 31,2021
ရန်ကုန်တောင်ပိုင်ခရိုင် ကော့မှူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်နှင့် အသစ်ပြန်လည် ရွေးချယ်နိုင်ရေး ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေးဆွေးနွေးခြင်းကို ယမန်‌ နေ့မွန်းလွဲပိုင်းက မျက်ဆံနီကျေးရွာ ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်
Jan 31,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၀ပြည့်နှစ် အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘလများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု ကျေးရွာများရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွားများထံလက်ဝယ်အရောက် အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ထော့မဲပါ အလကကျောင်း​၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ
Jan 31,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊အမှတ်(၃) ရပ်ကွက်၊ ထော့မဲပါ အလကကျောင်းတွင်ပေ ၉၀x၃၀ ( steel structure) တစ်ထပ် Type - C ကျောင်းဆောင်သစ်တည်ဆောက်ရန် ပန္နက်ရိုက်ခြင်းမင်္ဂလာအား ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။