သတင်းများ

နယ်စပ်​ရေးရာဝန်ကြီးဌာန၊ နယ်စပ်​ဒေသဖွံဖြိုး​ရေး (ပြည်​ထောင်စု) ရန်ပုံ​ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး
Jan 31,2021
ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် နယ်စပ်​ရေးရာဝန်ကြီးဌာန၊ နယ်စပ်​ဒေသဖွံ့ဖြိုး​ရေး(ပြည်​​ထောင်စု) ရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများကို မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ စိစစ်ရေး​ကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့် ​ကော်မတီဝင်များက ဇန်နဝါရီလ ၃၀ ရက်​နေ့က ကွင်းဆင်းစစ်​ဆေးကြည့်ရှုခဲ့​ကြောင်းသိရသည်။
ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များထောက်ပံ့
Jan 31,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများ အား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယမန်နေ့ညနေ၃နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ် ဟိုစဲ့​ကျေးရွာ၌ အုပ်ချုပ်​ရေးမှူးအသစ်များ ​ရွေးချယ် ခန့်အပ်နိုင်​ရေး ကြီးကြပ်​ရေးမှူး(၅)ဦး ​ရွေးချယ်
Jan 31,2021
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးအသစ်များ ​ရွေးချယ်ခန့်အပ်နိုင်​ရေးအတွက် ကြီးကြပ်​ရေးမှူး(၅)ဦး ပါဝင်​သော အဖွဲ့​ရွေးချယ်ခြင်းကို ယမန်​နေ့က ဟိုစဲ့​ကျေးရွာခန်းမ​ဆောင်၌ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် ခွေးရူးရောဂါကာကွယ် ဆေး အခမဲ့ထိုးနှံပေး
Jan 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ခွေးရူးရောဂါမဖြစ်ပွားစေရန်နှင့် ပြည်သူများ ခွေးရူးရောဂါအန္တရာယ်ကင်း‌ဝေးရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ နံနက် (၉) နာရီတွင် ဆီဆုံကုန်းကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူးရုံးတွင် ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
သန်လျင်မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Jan 31,2021
ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ်အတွင်း နွေစပါးနှင့် ဆောင်းသီးနှံ ပဲတီစိမ်း GAP စနစ်ဖြင့် စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ယမန်နေ့ နံနက်ပိုင်းက သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
Jan 31,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရာတွင် အကြောင်း အမျိုးမျိုးကြောင့် မရရှိခဲ့သည့် ထပ်တိုးအိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ စတင်ရွေးချယ်
Jan 31,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့မှ သက်ဆိုင်ရာ