ကျောက်ကြီး ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ရာ အိမ်မှူး၊ နှင့်အုပ်ချုပ်ရေးမှူး ကောင်းများ ရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုရပ်မိရပ်ဖများ ရွေးချယ်ခြင်းကို ယနေ့နံနက်(၉)နာရီက ဆားတန်းရပ်ကွက် ဓမ္မာရုံနှင့် တောင်ငူတန်းရပ်ကွက် စာသင်ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒု-အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာတာဝန်ရှိသူတို့က ဒေသန္တရအဆင့်ဒီမိုကရေစီစံနှုန်းများမြှင့်တင်ရန်နှင့် ပြည်သူလူထုပူပေါင်းပါဝင်မှုစနစ်ကောင်း ဖော်ဆောင် နိုင်ရန် ရည်ရွယ်၍ ကြီးကြပ်ရေးမှူးများ ရွေးချယ်ခြင်း ဖြစ်ရာ မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်စုအတွက် ရွေးချယ်သင့်သည့်ပုဂ္ဂိုလ်များ မှန်ကန်စွာရွေးချယ်ကြစေလို ကြောင်းနှင့် ကြီးကြပ်ရေးမှူး (၅) ဦး တို့၏ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ ကြသည်။
အဆိုပါရပ်ကွက်/ကျေးရွာ အုပ်စုကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်ခြင်းကိုမြို့နယ်အတွင်းရှိမြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့(၃)ဖွဲ့ခွဲ၍ ရပ်ကွက်(၇)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၃၄)အုပ်စုသို့ ကွင်းဆင်း၍ (၅)ရက်ကြာ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ သိရှိရသည်။
Kခိုင်ပြန်/ဆက်