ချင်းရွှေဟော် ဇန်နဝါရီ ၃၁
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၌ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး အသိပညာပေး ရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီမှ စတင်၍ လုံထန်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းနှင့် ရွှေယင်စီးကျေးရွာအုပ်စု၊ ပါစင်ကျော်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးများတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး ရှင်းလင်းပွဲတွင် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် လောက်ကိုင်မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်လွင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ လယ်စီ/စာရင်းအင်း ဦးစီးမှူး ဦးထွန်းဇော်လှ၊ ချင်းရွှေဟော်မြို့ နယ်မြေခံရဲစခန်းမှူး ရဲအုပ်သိန်းဗိုလ်နှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ပထမပတ်အတွင်း ရပ်ကွက်/ကျေးရွာ ကြီးကြပ်ရေးမှူးများအဖြစ် လုံထန်ကျေးရွာအုပ်စုမှ(၅) ဦး၊ ရွှေယင်စီးကျေးရွာအုပ်စုမှ(၅) ဦးစုစုပေါင်း(၁၀) ဦးအား ပမာဏရွေးချယ်ပြီး သင်တန်းပေးမည်ဖြစ်ကြောင်း၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရပ်ကွက် အုပ်ချုပ်ရေ:မှူးများ ရွေးချယ်သွားမည့် အစီအစဉ်များနှင့် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ/နည်းဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ/ နည်းဥပဒေများကို မြန်မာ-ကိုးကန့် နှစ်ဘာသာဖြင့် အသိပညာပေးရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုနောက် တက်ရောက်လာကြသည့် ဒေသခံကိုးကန့်တိုင်းရင်းသားများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကြီးကြပ်ရေး အဖွဲ့ဝင်များက အသေးစိတ်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သ်ရသည်။
ဇင်ဇင်(ပြန်/ဆက်)