မိုးညိုမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲခြင်းနှင့်အမိုးလန်ခြင်းများဖြစ်ပွား

မိုးညို          ဇန်နဝါရီ  ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ညနေ နာရီခွဲအချိန်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများ အတွင်း နေအိမ်များ ပြိုလဲခြင်းနှင့် အမိုးလန် ခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

 လေပြင်းတိုက်ခတ်မှုကြောင့် မိုးညိုမြို့နယ်အတွင်း ကျေးရွာအုပ်စု ()အုပ်စုရှိ ကျေးရွာ ပေါင်း (၂၂)ရွာ တို့တွင်ပြိုလဲနေအိမ် ၃၀ လုံး၊ အမိုးလန်နေအိမ် ၁၇၉ လုံး၊ စုစုပေါင်းနေအိမ် ၂၀၉ လုံး ထိခိုက် ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု ၂၀၉ စုတွင် ကျား ၃၄၇ ဦး၊ ၃၉၂ ဦး၊ စုစုပေါင်း ၇၃၉ ဦးနေထိုင်ကြောင်း၊ လူနှင့် တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်းသိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များသို့ သာယာ၀တီခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းထွန်း နှင့် မီးသတ်တပ်ဖွဲ့၀င်များ၊ မိုးညို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ဇော်နှင့် မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ရဲ တပ်ဖွဲ့၀င်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေ ပြည်သူများမှ ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း(မိုးညို)