မိုင်းယောင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား(နောက်တိုး) အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

မိုင်းယောင်း  ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား(နောက်တိုး)အိမ်ထောင်စုများအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ယမန်နေ့တွင် ရပ်ကွက်နှင့် ကျေးရွာများရှိ (နောက်တိုး)အိမ်ထောင်စုများထံသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက နိုင်ငံတော်မှ ထောက်ပံ့သော တစ်အိမ်ထောင်စုလျှင် ငွေကျပ် နှစ်သောင်းတိတိစီကို အခြေခံလူတန်းစား (နောက်တိုး)အိမ်ထောင်စု ၄၅ စုများထံသို့ အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း