သတင်းများ

ခိုင်ကမ်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT အစီစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ (၂)နှစ်အထိ ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
Feb 02,2021
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်အရ ခိုင်ကမ်းမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာပေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) အွန်လိုင်းမှ ဆောင်ရွက်
Feb 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စာရေးဆရာအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာပေဆိုင်ရာအသိပညာပေးဆွေးနွေးခြင်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဖေဖော်ဝါရီလ ၁ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
နောင်ချိုမြို့ စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေခက်ခဲသော အိမ်ခြေများ ရေရရှိရေး စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်
Feb 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ စျေးရပ်ကွက်၊ နယ်မြေ(၁၀)အတွင်း ရေခက်ခဲသော အိမ်ခြေများ ရေရရှိရေး စိမ့်စမ်းရေသွယ်တန်းခြင်းကို ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်
Feb 02,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃)ဦး ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း
Feb 02,2021
ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၃)ဦးသည် ကျန်းမာရေး ကောင်းမွန်သဖြင့် ဖေဖော်ဝါရီ ၂ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့၊ နောင်ကားကျေးရွာအုပ်စု၊ ဆောင်ငုံးကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ နောင်ကားကျေးရွာအုပ်စု၊ ဆောင်ငုံးကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) အစီအစဉ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်အစိုးရရန်ပုံငွေဖြင့် ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီး၍ လျှပ်စစ်ဓာတ်အားဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့နယ် မဲဆန္ဒအမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုးဦးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးခွန်ကျော်သူတို့က ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကောလင်းမြို့နယ်ရှိ ဘဏ်များပိတ်ထားခြင်းမရှိဘဲ လုပ်ငန်းများပုံမှန် လည်ပတ်ဆောင်ရွက်
Feb 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ပုဂ္ဂလိက ဘဏ်များနှင့် ဘဏ်လုပ်ငန်းများဆိုင်ရာကိစ္စရပ်များ ယနေ့တွင် ပုံမှန်လည်ပတ် နေကြောင်းနှင့် Wave Money၊ True Money စသည့် ငွေလွှဲငွေထုတ်လုပ်ငန်းများလည်း ပုံမှန် ဆောင်ရွက်နေကြောင်း သိရသည်။
လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ အမျိုးသမီးများအတွက် ပြန်လည်ထူထောင်ရေး သင်တန်း ပို့ချမည်
Feb 02,2021
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်း လားရှိုး၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၈)ရက်မှ ဧပြီ(၈)ရက်နေ့အထိ မူးယစ်ဆေးဖြတ်ကုသပြီးသူများအတွက် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။