နတ်တလင်း ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့ မြို့မစည်ပင်သာယာစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး၊ ပွင့်လင်းရာသီ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယမန်နေ့နေ့လယ် ၁၂နာရီအချိန်က မီးဘေးကြိုတင် ကာကွယ်ရေး စျေးသူစျေးသားများနှင့် စျေးမိစျေးဖများလက်တွေ့ မီးငြှိမ်းသတ်နည်းလေ့ကျင့် ဇာတ်တိုက်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
အဆိုပါ မြို့မစည်ပင်သာယာစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့်၊ စည်ပင်အမှုဆောင်အရာရှိ ဦးအောင်မိုးဦး၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးသက်ချိုဦးနှင့် ဒုတိယဦးစီးမှူးဦးစိုးမိုးအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ စျေးမိစျေးဖများနှင့် စျေးသူစျေးသားများသည်မြို့နယ် မီးငြိမ်းသတ်ယာဉ်များဖြင့် မြို့မစည်ပင်သာယာစျေးကြီး ပတ်ပတ်လည်မှ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြရေဖျန်းပက်ခြင်း၊ စျေးသူစျေးသားများမှ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထားထားဦး (နတ်တလင်း)