ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်

ဒေါပုံ ဇန်နဝါရီ ၃၁

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ဘဏ္ဍာ ရေး နှစ် ပထမသုံးလပတ် အောက်တိုဘာ ၊နိုဝင်ဘာ၊ ဒီဇင်ဘာလ အတွက်အသက်( ၈၅)နှစ်အထက်ဘိုးဘွား များအား လူမှုရေးပင်စင်(၃၀၀၀၀) ကျပ် နှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် အသက်(၁၀၀) နှစ်ထက် သက်ကြီးရွယ်အို များအားထပ်ဆောင်းထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ ပေး ခဲ့ကြောင်းသိရသည်။

ထို့သို့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြုံးချို(ခ) ဦးဌေးဝင်းအောင်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်အဖွဲ့ဝင်တို့က အိမ်တိုင်ရာ ရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင်အသက်( ၈၅) နှစ်အထက်ဘိုးဘွား (၃၁၉) ဦးနှင့် အသက်(၁၀၀)အထက်ဘိုးဘွား (၈) ဦးစုစုပေါင်း ( ၃၂၇) ဦး ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)