သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ စတင်ရွေးချယ်
Jan 31,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရပ်ကွက် ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စ၍ မြို့နယ် ဌာန ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် ကြီးကြပ်ရေး အဖွဲ့မှ သက်ဆိုင်ရာ
ထန်းတပင်မြို့နယ်၌ အသက် (၈၅ )နှစ်အထက် သက်ကြီး အဘိုး အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အသက် (၈၅ )နှစ်အထက် သက်ကြီးအဘိုး အဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အောင်သုခရပ်ကွက်နှင့် သီရိရတနာရပ်ကွက် တို့တွင် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက် ရှိကြောင်းသိရသည်။
သုံးခွမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အား ကွင်းဆင်းစစ်ဆေး
Jan 31,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးဌာနမှ ကျေးလက်‌ နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစု၀င်ငွေ တိုးပွားကာ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်‌ စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းကလက်ပန်ချောင်ကျေးရွာနှင့် မှိုကုန်းသာ ကျေးရွာ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း အားစံချိန်စံညွှန်းမှန်ကန်တိကျ မှုရှိမရှိကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် အမျိုးသမီးနှင့်ခေါင်းဆောင်မှုနှင့် ကျား မ အခြေပြုအကြမ်းဖက်မှု လျှော့ချရေး သင်တန်း ဖွင့်လှစ်
Jan 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် Paung Sie Focilicity (PSF)၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့က ဦးဆောင်ကာ အမျိုးသမီးနှင့်ခေါင်းဆောင်မှု ၊ ကျားမ အခြေပြုအကြမ်းဖက်မှု လျော့ချရေး သင်တန်းကို ဇန်နဝါရီလ(၂၈)ရက်နေ့ မှ (၃၀)ရက်နေ့အထိ စီပင်ကြီး ကျေးရွာအုပ်စု ချောင်းနှစ် ခွကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ၌ပြုလုပ်သည်။
အောင်မြေသာစံမြို့နယ်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်
Jan 31,2021
ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၄လမ်း၊ ၆၄လမ်းနှင့်၆၅လမ်း ကြား၊ အမှတ်(၁၄)အ ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
ကျောက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ရာ အိမ်မှူး၊ နှင့်အုပ်ချုပ်ရေးမှူးကောင်းများရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုရပ်မိရပ်ဖများ ရွေးချယ် ခြင်းကိုယနေ့နံနက်(၉)နာရီက ဆားတန်းရပ်ကွက်ဓမ္မာရုံနှင့် တောင်ငူတန်းရပ်ကွက် စာသင်ကျောင်းတို့၌ပြုလုပ် ခဲ့သည်။
ကြို့ပင်ကောက်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်ဖွဲ့စည်းရေး ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး များ စီစစ်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကို ယမန်နေ့ စတင်ဆောင်ရွက်လျက်ရှိသည်။