လားဟူတိုင်းရင်းသားတို့၏ ရိုးရာနှစ်သစ်ကူးပွဲတော်နှင့် လက်ဆေးခြင်းမင်္ဂလာ

တာချီလိတ် ဇန်နဝါရီ ၃၁

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု အသီးသီးရှိကြရာ မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဓလေ့ ထုံးတမ်း၊ ကိုယ်ပိုင်စာပေများ အသီးသီးရှိကြသည်။

လားဟူတိုင်းရင်းသားလူမျိုး

လားဟူတိုင်းရင်းသာလူမျိုးတို့၏ မူရင်းဇာတိမှာ တရုတ်နိုင်ငံဖြစ်ပြီး ယခုအချိန်တွင် တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံတို့၌ပြန့်နှံ့နေထိုင်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ အများဆုံးနေထိုင်ကြကာ လူဦးရေအားဖြင့် တစ်သိန်းခန့် နေထိုင်လျက် ရှိကြောင်းသိရသည်။

လားဟူတိုင်းရင်းသားလူမျိုးတို့သည် တောင်ပေါ်ဒေသများတွင် အများဆုံးနေထိုင်ကြကာ (ရွှေ့ပြောင်း တောင်ယာ) စိုက်ပျိုးရေးကို အခြေခံသော ဘဝလူနေမှုအပြင်အမဲလိုက်ခြင်း(မုဆိုး) အလုပ်ကို အသက်မွေးဝမ်းကြောင်း ပြုကြသောလူမျိုးစုဖြစ်သည်။

ဗူးသီးနှင့်နှစ်သစ်ကူးပွဲတော်


ဗူးသီးသည် လားဟူတိုင်းရင်းသားလူမျိုးတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် အထိမ်းအမှတ်တစ်ခုဖြစ်သည်။ လားဟူလူမျိုးတို့တွင် အဓိကလူမျိုးစု ၃ မျိုးရှိပြီး လားဟူနီ၊လားဟူနက်၊လားဟူဝါ ဟူ၍ရှိကြသည်။ ထင်ရှားသောရိုးရာ ဓလေ့ပွဲတော်များ ရှိကြရာတွင် နှစ်သစ်ကူးပွဲတော်၊ ကောက်သစ်စားပွဲတော်သည်ထင်ရှားသော ပွဲတော်များဖြစ်ကြ သည်။ လူမျိုးစုဟူ၍ ကွဲပြား ကြသော်လည်း အခြေခံအားဖြင့် ဓလေ့ပွဲတော်များကျင်းပကြရာတွင် အားလုံးတူညီကြ ကြောင်း သိရသည်။


နှစ်သစ်ကူးပွဲတော်ကို ခရစ်သက္ကရာဇ်၏ နှစ်သစ်အစဇ န်နဝါရီလဆန်းတွင် စတင်ကျင်းပကြလေ့ရှိပြီး ရှေးဘိုးဘွား ဘီဘင်များ၏ နှုတ်ဖြင့်မှာကြားခဲ့မှုအရ ချယ်ရီပန်းများ မက်မွန်ပန်းများပွင့်သည်ကိုတွေ့ရှိရပါက မိမိတို့လားဟူ လူမျိုးတို့၏ နှစ်သစ်ကူးရာသီချိန်ခါ ရောက်ရှိလာပြီကိုသိရှိရပြီး နှစ်သစ်ကူးပွဲတော်များကို ကျင်းပလေ့ရှိကြသည်။

ကောက်သစ်စားပွဲတော်

ကောက်သစ်စားပွဲတော်ကိုနှစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင်ကျင်းပလေ့ရှိပြီး မိမိတို့ထွန်ယက်စိုက်ပျိုး၍ အောင်မြင်ဖြစ် ထွန်း ရရှိလာသော ကောက်ပဲသီးနှံ့များ၏အဦးအဖျားများကိုဆွတ်ခူးကာ မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာ အလိုက် လှူဒါန်းခြင်း ကျေးဇူးတော် ချီးမွမ်းခြင်း ပူဇော်ပသကြခြင်းနှင့် သက်ကြီးရွယ်အိုအဘိုးအဖွား များကို စားဦးစားဖာ်းမာ်း ချက်ပြုတ်ကျွေးမွေးခြင်း ဖြင့်ကျေးဇူးဆပ်တင်ခြင်းပွဲတော်ဖြစ်ပေသည်။

လက်ဆေးခြင်းမင်္ဂလာ

လက်ဆေးခြင်းမင်္ဂလာကို ပွဲတော်တခုအဖြစ် သီးသန့်သတ်မှတ်ထားလေ့မရှိသော်လည်း ရိုးရာဓလေ့ပွဲတော်များ ကျင်းပတိုင်း လက်ဆေးခြင်းမင်္ဂလာကို အမြဲပြုလုပ်လေ့ရှိသည်။ လက်ဆေးခြင်းမင်္ဂလာဟူသည် ဆေးကြောခြင်း၊ သန့်စင်ခြင်းကို ဖော်ဆောင်သောအမှတ်အသားဖြစ်ကာ ငယ်ရွယ်သည့်သားသမီး လူငယ်လူရွယ်များက ရွာတွင်းမှ သက်ကြီးရွယ်အိုများနှင့် မိဘများကို ဝန်ချတောင်းပန်ခြင်း၊ ရိုသေသမှုပြုခြင်းနှင့်ရိုးရာအစဉ်အလာကို ထိန်းသိမ်း စောက်ရှောက်ခြင်းကို ဖော်ဆောင်သော မွန်မြတ်၍ ချစ်ခင်စရာဓလေ့ကိုဖော်ဆောင်ခြင်းဖြစ်ပေသည်။


လူငယ်လူရွယ်များမှသက်ကြီးရွယ်အိုများကို လက်ဆေးပေးခြင်းသည် ကာယကံ ဝစီကံ မေနာကံ များဖြင့် ပြစ်မှားမိသော အပြစ်များရှိပါက ခွင့်လွတ်ပေးကြပါရန် အပြစ်များကိုဆေးကြောပေးရန် လျှောက်ထားပြီး လက်ကို ရေဖြင့် ဆေးကြောသန့် စင်ပေးခြင်း ဖြင့်လူငယ်လူရွယ်များမှအစဉ်အလာများ ရိုးရာဓလေ့များကို ထိန်းသိမ်း စောက်ရှောက်ပါမည့်အကြောင်း သက်သေအရာ ထားလျက် ပြုလုပ်သော လက်ဆေးခြင်း မင်္ဂလာဖြစ်သည်။


လက်ဆေးခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ထက်တိုင်ထိန်းသိမ်းစောက်ရှောက်လျက်ရှိပြီးလားဟူလူမျိုးတို့၏ မွန်မြတ်သော ရိုးရာဓလေ့ တခု အဖြစ် မြင်တွေ့ကြရပေသည်။

ယခုနှစ်လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ကိုဗစ်-၁၉  ကပ်ရောဂါကြောင့် ပွဲတော်ကိုမိမိတို့နေထိုင်ရာ အရပ်ဒေသနှင့် ရွာများတွင် သာ ရိုးရာအစဉ်အလာမပျက်စီးရအောင်ထိန်းသိမ်းသည့်အနေဖြင့်သာကျင်းပခဲ့သည်။


ပုံမှာလားဟူလူမျိုးတို့၏ ရိုးရာနေအိမ်ပုံစံငယ်လေးဖြစ်ပြီး ဒိုးပစ်ကစားခြင်း ဂျင်ပေါက်ကစားနည်းတို့သည် ရိုးရာအထိမ်းအမှတ် များပင်ဖြစ်တော့သည်။

ယာဆေး(ပြန်/ဆက်)