သုံးခွ ဇန်နဝါရီ ၃၁
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးဌာနမှ ကျေးလက် နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစု၀င်ငွေ တိုးပွားကာ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လက်ပန်ချောင် ကျေးရွာနှင့် မှိုကုန်းသာကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အားစံချိန်စံညွှန်းမှန်ကန်တိကျ မှုရှိမရှိကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာဖြစ်သော လက်ပန်ချောင်ကျေးရွာတွင် စီမံကိန်းအတိုးရရှိငွေ ငါးဆယ်ရာခိုင်နှုန်းထဲမှ ငွေကျပ်(၁၆၀)သိန်း၊ ပြည်သူ ထည့်ဝင်ငွေကျပ်နှစ်သိန်းဖြင့်ကျေးရွာတွင်းလမ်းအားကွန်ကရစ်လမ်း(၈၀၀ပေ×၁၀ပေ×၆လက်မ)ခင်းခြင်းလုပ်ငန်းနှင့်မှိုကုန်းသာကျေးရွာတွင် စီမံကိန်းအတိုးရရှိငွေ ငါးဆယ်ရာခိုင်နှုန်းထဲမှငွေကျပ်သိန်း(၁၀၀) ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းအား (၇၀၀ပေ×၇ပေ×၆လက်မ) ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်နီနီအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး၍ သက်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန်နှင့် ကျေးရွာဖွံ့ဖြိုးရေး အတွက် လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သုံးခွမြို့နယ်တွင်မြစိမ်း ရောင်ကျေးရွာစီမံကိန်းအားကျေးရွာ(၂၈)ရွာ တွင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)