သံတောင်ကြီး ဇန်နဝါရီ ၃၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် Paung Sie Focilicity (PSF)၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီးများ အဖွဲ့က ဦးဆောင်ကာ အမျိုးသမီးနှင့်ခေါင်းဆောင်မှု ၊ ကျားမ အခြေပြုအကြမ်းဖက်မှု လျှော့ချရေးသင်တန်းကို ဇန်နဝါရီလ(၂၈)ရက်နေ့ မှ (၃၀)ရက်နေ့အထိ စီပင်ကြီး ကျေးရွာအုပ်စု ချောင်းနှစ် ခွကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ၌ ပြုလုပ်သည်။
သင်တန်းတွင် အမျိုးသမီးများ ကျားမအခြေပြုအကြမ်းဖက်မှုကို ပိုမိုသိရှိနားလည်လာနိုင်စေရန်၊ အမျိုးသမီးနှင့် ဥပဒေအကြောင်း ပိုမိုသိရှိ လာစေရန်၊ အမျိုးသမီးများအကြမ်းဖက်ခံရပါက ဥပဒေနှင့်အညီ အကူအညီရယူနိုင်ရန်အတွက် ရည်ရွယ်၍ သင်တန်းပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သံတောင်ကြီးအမျိုး သမီးများအဖွဲ့ ဒါရိုက်တာ နော်မာမာချိုက ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် သင်းတန်းနည်းပြ(၃)ဦးနှင့် ချောင်နှစ်ခွကျေးရွာမှ သင်တန်းသူအမျိုးသမီး (၁၅)ဦး၊ ဥသျှစ်ကုန်းကျေးရွာမှ သင်တန်းသူ အမျိုးသမီး(၁၅)ဦး စုစုပေါင်း(၃၀) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်