ထန်းတပင် ဇန်နဝါရီ ၃၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် အသက် (၈၅ )နှစ်အထက် သက်ကြီးအဘိုး အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အောင်သုခရပ်ကွက်နှင့် သီရိရတနာရပ်ကွက်တို့တွင် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက် ရှိကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေ ပေးအပ်ရာတွင်ကိုဗစ်-၁၉ ကာလအတွင်း သက်ကြီးအဘိုးအဘွားများ စားဝတ်နေရေး ပြေလည်စေရန်အတွက် (၈၅ )နှစ်အထက် သက်ကြီး အဘိုးအဘွား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် အောင်သုခရပ်ကွက်တွင် ( ၂၀ )ဦး သီရိရပ်ကွက်တွင် ( ၇ ) ဦးတို့ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထန်းတပင်မြို့နယ်တွင် အသက် ( ၈၅ )နှစ် အထက် သက်ကြီး အဘိုး အဘွာများအား လူမှုရေး ပင်စင်အပြင် ကိုဗစ်ကာလအတွင်း အသက်( ၁၀၀ ) နှစ်အထက် အဘိုးအဘွားများအား တစ်လလျှင် ငွေကျပ် (၁၀၀၀၀ ) နှုန်းဖြင့် ထပ်ဆောင်းထောက်ပံ့ပေးအပ်ခဲ့ပြီး အသက် ( ၈၅ ) နှစ်အထက် နှင့် အသက် (၁၀၀ ) နှစ်အထက် သက်ကြီး အဘိုး အဘွား (၁၂) ဦး စုစုပေါင်း ( ၅၅၅ ) ဦး ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)