ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၌ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

ကာလိ၊ ဇန်နဝါရီ  ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ၊ ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ထပ်မံတိုးသော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများ အား ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က တာဝန်ရှိသူများမှ ကျေးရွာ အရောက်သွား ရောက်ထောက်ပံ့ပေးခဲ့သည်။

အဆိုပါဆောင်ရွက်မှုတွင် ဟိုပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့် နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်စုစာရေး ဦးဝေလင်းထွန်းတို့က ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့်ကာလအတွင်း အထောက်အကူ ဖြစ်စေရန် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးခဲ့သောငွေများကို ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိသည့်  ဝမ်ဆတ်၊ ဝမ်မိုင်၊ ဝမ်ခင်း၊ ပန်ပေါင်း(နမ့်ပျဉ်) ကျေးရွာများတို့၌  အိမ်ထောင်စု တစ်စုလျှင် (၂) သောင်းကျပ်နှုန်းဖြင့် အိမ်ထောင် စုပေါင်း (၆၆)စုတို့ကို ပြည်သူများထံသို့လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဝင်းကျော်(ကာလိ၊ပြန်/ဆက်)