ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၃၁

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၀ပြည့်နှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများ အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု ကျေးရွာများရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွားများထံလက်ဝယ်အရောက် အိမ်တိုင်ရာ ရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

အဆိုပါလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက်သွားရောက်ပြီး ဘိုးဘွားများ လက်ဝယ်အရောက် စနစ်တကျထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း၌ အသက်(၈၅)နှစ် အထက် ဘိုးဘွား(၈၀၂)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် တစ်ဦးလျင် ကျပ်(၃၀၀၀၀)နှုန်းနှင့် အသက်(၁၀၀)နှစ် အထက် ဘိုးဘွား(၁၈)ဦးအတွက် ထောက်ပံ့ငွေကျပ် တစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရ သည်။

မျိုးမင်းဦး (ပြန်/ဆက်)