ရှမ်းပြည်နယ်ဥပဒေချုပ် မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မဘိမ်း     ဇန်နဝါရီ   ၃၁        

ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရေး မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်မှ လဝါကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးမှ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို မြို့နယ်ကြီးကြပ်မှု ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုနှင့် လမ်းညွှန်မှုတို့ကိုခံယူ၍ ကျေးရွာကျောင်းဆောင်သစ် ဆောက်လုပ်ရေး အဖွဲ့မှ လိုက်ပါဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် ကျောင်းဆောင်သစ် ဆောက် လုပ်ရေး ကော်မတီဝင်များအနေဖြင့် စည်းစည်းလုံးလုံးနှင့် တက်ညီလက်ညီလိုက်ပါ ဆောင်ရွက်ပြီး ကျောင်းဆောင်သစ်အား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အ သွေးပြည့်မီရေးတို့ကို ဆက်လက်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ လဝါကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် အမျိုးအစားမှာ အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေနှင့် အမြင့် ၂၄ ပေရှိ RCC (၂)ထပ်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုး ရအဖွဲ့မှ ထောက်ပံ့ငွေကျပ်သိန်း(၁၀၀၀)၊ ကမ္ဘောဇဘဏ်မှငွေကျပ်သိန်း(၂၀၀)၊ Forever Group မှငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာလူထု၏လုပ်အားအလှူတို့ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)