၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း ထော့မဲပါ အလကကျောင်း​၌ ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ

ဘုရားသုံးဆူ ဇန်နဝါရီ  ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊အမှတ်(၃) ရပ်ကွက်၊ ထော့မဲပါ အလကကျောင်းတွင်ပေ ၉၀x၃၀ ( steel structure) တစ်ထပ် Type - C  ကျောင်းဆောင်သစ်တည်ဆောက်ရန် ပန္နက်ရိုက်ခြင်းမင်္ဂလာအား ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားအား ဘုရားသုံးဆူမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊  အလကထော့မဲပါကျောင်းအုပ် ဆရာကြီး ဦးကျော်ကျော်လှိုင်၊ အထကကျောင်းမှအထက်တန်းပြဆရာမ ဒေါ်အေးအေးခိုင်၊ထော့မဲပါရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရပ်ကျေးအဖွဲ့များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရဖများတက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ ပန္နက်ရိုက်မင်္ဂလာအား ပြုလုပ်ပြီး အောင်သပြေနှင့် နံ့သာရေများစီးဖျန်းခဲ့ကြောင်း သိရသည်။

စောရဲဝင်းထွဋ် (ပြန်/ဆက်)