ချင်းရွှေဟော် ဇန်နဝါရီ ၃၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ချင်းရွှေဟော်မြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြပ်၍ သီးခြားထားရှိပြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးပေး လျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က Rapid Test Kit စနစ်ဖြင့် ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့သည့် နေရပ်ပြန်ပြည်သူများသည် မြန်မာနိုင်ငံအတွင်းရှိတိုင်း ဒေသကြီး/ ပြည်နယ်အသီးသီးမှ ဖြစ်ကြကာ အမျိုးသား(၃၄)ဦး ၊ အမျိုးသမီး(၄)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၃၈)ဦး ဖြစ်ကြောင်း သိရသည်။
ထိုသို့ Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါပိုးမတွေ့ ရှိရကြောင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ အာခေါင်တို့ဖတ်နှင့်နှာခေါင်းတို့ဖတ် ဓါတ်ခွဲနမူနာ Swab များအား ထပ်မံရ ယူပြီး ချင်းရွှေဟော်မြို့၊ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဉီးစီးဌာနမှ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိ ရသည်။
ဇင်ဇင်(ပြန်/ဆက်)