မအူပင် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ၏(၁၀၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်ဦးဇော်မိုးက အဖွင့်စကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆင့်က အခမ်းအနားကျင်းပရခြင်းနှင့် ပြိုင်ပွဲများ ကျင်းပရခြင်းကို ပြောကြားသည်။ ဆက်လက်၍ မအူပင်ခရိုင်အတွင်းရှိ မူကြိုကျောင်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး မူကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုး မူကြိုကျောင်းများမှ မူကြိုရင် သွေးငယ်လေးများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အငယ်တန်းအဆင့်၊ အကြီးတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများအား ကျင်းပခဲ့ပြီး ဆုရရှိသူများ၊ ပါဝင်ယှဉ်ပြိုင်သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)