သံဖြူဇရပ် ဇန်နဝါရီ ၃၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ မွန်ပြည်နယ်အစိုးရ အဖွဲ့မှပေးပို့လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့တို့ အစီအစဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းပရိယတ္တိစာသင်တိုက်များနှင့် သီလရှင်ကျောင်းများသို့ ပေးပို့ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
လှူဒါန်းပေးရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ သံဖြူဇရပ်မြို့နယ်အတွင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း(၁၅)ကျောင်း၊ သီလရှင်စာသင်တိုက်(၅)ကျောင်းအတွက်ဆန်(၇၅)အိတ်၊ ဆား(၅၄)အိတ်၊ စားသုံးဆီပုံးကြီး(၁၅)ပုံးတို့အား မြို့နယ်ဥပထမ္ဘကအဖွဲ့ဝင်များမှ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
အေးအေးသီ(ပြန်/ဆက်)