မအူပင် ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာ ကမ်းနားလမ်းတစ်လျောက် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပြိုသဖြင့် ကမ်းပြိုခြင်းအား ကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မအူပင်ခရိုင်မြစ်ချောင်းဖြိုးဦးစီးဌာနက တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါလုပ်ငန်းခွင်သို့ ကွင်းဆင်း ကြည့်ရှုခဲ့သည်။
အဆိုပါ လုပ်ငန်းအား (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော DATAMYANMAR Co.Ltd ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီး ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ အရှည် (၁၀၀)ပေနှင့် အောက်ခြေထိန်းနှစ်တန်းသွား အုန်းတိုင်ရေကာ အရှည် (၁၈၀)ပေ မြစ်ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)