ကိုဗစ်ကာလအတွင်း နေအိမ်အခက်အခဲရှိသူ ပြည်သူများနှင့် အနှေးယာဉ်လုပ်သား ပြည်သူများအတွက် စုပေါင်းလှူဒါန်း

ပဲခူး ဖေဖော်ဝါရီ ၁

ပဲခူးမြို့၌ ကိုဗစ်ကာလအတွင်း နေအိမ်အခက်အခဲ ရှိသော ပြည်သူများနှင့် အနှေးယာဉ်လုပ်သား ပြည်သူများအား သုညတဓမ္မရံသီတရားရိပ်သာမှ သီလရှင်ဆရာလေးခေမာရံသီနှင့် We Love Bago နှင့်ချမ်းမြေ့ဇေယျာ ဓမ္မစကူးလ်မှ ကိုသိန်းထိုက်လင်း နှင့် ဝန်းရံပရဟိတအဖွဲ့ဝင်များက ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းက လိုက်လံလှူဒါန်းပေးကြောင်း သိရသည်။

ပဲခူးမြို့ ရွာသစ်ရပ်ကွက်ရှိ နေအိမ်အခက်အခဲ ဖြစ်ပေါ်နေသောပြည်သူများရှိကြောင်း အဆိုပါရပ် ကွက်နေသူထံမှသိရသောကြောင့် အင်းတကော်မြို့ သုညတဓမ္မရံသီတရားရိပ်သာမှ သီလရှင်ဆရာလေး က နေအိမ် ၁၀လုံး ၊ဘုရားစင်များနှင့် စားနပ်ရိက္ခာ များကို ထောက်ပံ့ပေးပြီး၊ ပဲခူးမြို့မဂ္ဂတစ်လမ်းတွင် အသက်(၆၀)နှင့်အထက် အနှေးယာဉ်လုပ်သား ပြည်သူများအား ဆန်အိတ်နှင့်အစားအသောက်များကို လှူဒါန်းပေးကြသည်။

အဆိုပါဝန်းရံပရဟိတအဖွဲ့များနှင့် ပြင်ပအလှူ ရှင်များ စုပေါင်းကာ ပဲခူးမြို့အတွင်း နေအိမ် အခက်အခဲ ဖြစ်ပေါ်နေသော ပြည်သူများအား ကွင်းဆင်းကာ ဆောက်လုပ်လှူဒါန်းပေးမည် ဖြစ်ပြီး ကိုဗစ်ကာလ အတွင်း ဆွမ်းဆန်စိမ်း အခက်အခဲဖြစ်ပေါ်နေသော တစ်ပါးကျောင်း သီလရှင်ဆရာလေး များကိုလည်း လှူဒါန်းပေးမည် ဖြစ်ကြောင်း သိရသည်။

ဆုပြည့်ဝေ(ခရိုင်ပြန်/ဆက်)