မွန်ပြည်နယ် လမိုင်းမြို့၌ လူငယ်နှင့်အားကစားကဏ္ဍ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်

လမိုင်း       ဇန်နဝါရီ      ၃၁

မွန်ပြည်နယ် လမိုင်းမြို့ ပြ​န်ကြားရေးနှင့်ပြ​ည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရေးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီး ဌာနတို့ ပူးပေါင်းလူငယ်နှင့် အားကစားကဏ္ဍအသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို  နေ့မွန်းလွဲ ၁ နာရီ က လမိုင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် လမိုင်းမြို့ပြ​န်ကြားရေးနှင့်ပြ​ည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်ဇာစိုးက(Talk Show) ပြုလုပ်ကျင်းပခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဥ္ဇာစိုးက ကိုဗစ်-၁၉  ကာလတွင် လူငယ်နှင့် အားကစား ကဏ္ဍအနေဖြင့်လမိုင်းမြို့ ဆောင်ရွက်နေ သည့် အစီအစဥ်နှင့်ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဥ်များကိုဆွေးနွေးခဲ့သည်။

လမိုင်းမြို့တွင် online fitness Dance ပြိုင်ပွဲအပြင် အခြားသောအားကစားအစီအစဉ်များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းနှင့် အားကစားရုံဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

လမိုင်း(ပြန်/ဆက်)