မြောင်းမြ ဇန်နဝါရီ ၃၀
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင်ယမန်နေ့ နေ့လယ် (၃) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ Tech AGE girls Myanmar (2021) သင်တန်းသူ လူငယ်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်စိုးက လူငယ်များ စာဖတ်ရှိန်မြင့်မားရေး ဆွေးနွေးအမှာစကားပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်ခင်ရူပါအေးက စာဖတ်ဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းခဲ့သည်။
စာဖတ်ဝိုင်းတွင် Tech AGE girls Myanmar (2021) မှ လူငယ်သင်တန်းသူတို့က စာရေးဆရာကြီး ဖေမြင့် ရေးသားသည့် “နှလုံးသားအာဟာရ(၂)”စာအုပ်အား ဖတ်ရှုထားကြရာ ၄င်းတို့ နှစ်သက်ရာ အခန်းများထဲမှအဘိုး မဖြတ်နိုင်သော ကူညီမှုလေးတစ်ခု၊ ဘာအရေးကြီးဆုံးလဲနှင့် မဖြစ်နိုင်ဘူး ထင်သလားစသည့် အကြေင်းအရာတို့ အားသုံးသပ်ဆွေးနွေးပြီး လူငယ်များက အဆိုပါ စာအုပ်တွင် မှတ်ယူသင့်သည်များ၊ ထပ်မံသိလိုသည်များနှင့် မရှင်းလင်းသည်တို့ကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်ရူပါအေး(မြောင်းမြ)