ကျွန်းလှမြို့နယ်၊ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ဘက်စုံသုံးခန်းမ အဆောက်အအုံပန္နက်တင်ခြင်းဆောင်ရွက်

ကျွန်းလှ ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊မဒေါင် ကျေးရွာတွင် ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း၊ ဘက်စုံသုံးခန်းမ အဆောက်အအုံ ပန္နက်တင်ခြင်းကို နေ့နံနက် (၉) နာရီက အဆိုပါအဆောက်အအုံ တည်ဆောက်မည့် မြေနေရာ၌ ကျင်းပကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီ၊ ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပန္နက်တင်ပေးပြီး အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြကြောင်း သိရသည်။

အဆိုပါ ဘက်စုံသုံးခန်းမ၊ အလျား၆၀ပေ၊ အနံ၂၉ပေ၆လက်မ၊ အမြင့်၁၃ပေဂလက်မ၊ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ လူနေမှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂၀) သိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

မျိုးဝင်းညို ကျွန်းလှ