နွားထိုးကြီး ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် နွားထိုးကြီးမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အအုံသစ် ဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ အဆောက်အဦရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အဆောက်အဦမှတ်တမ်း အထောက်အထားများကို ဆောက်လုပ်ခွင့်ရ ကုမ္ပဏီတာဝန်ရှိသူက ပေးအပ်ရာ မန္တလေးတိုင်း ဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့က လက်ခံရယူပြီး အဆောက်အအုံမှာ RC တစ်ထပ်ဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ငြိမ်းသက်နွယ်၊ ဦးစိန်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီး မန်နေဂျာ ဒေါ်ယဉ်နွဲ့၊ နွားထိုးကြီးမြို့နယ် စီမံခန်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ငြိမ်းတို့ က ရုံးအဆောက်အဦအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။
ဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး မန်နေဂျာ၊ မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သန်းအောင်ဇော် (ပြန်/ဆက်)