ဟားခါး ဇန်နဝါရီ ၃၀
ချင်းပြည်နယ် ဟားခါးမြို့မှ (၄) မိုင်ခန့်အကွာ ဟားခါး-ထန်တလန်လမ်းတွင် ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော အိမ်စီးကား (၄) ဘီးကား ခဲရောင်ယာဉ်သည် ယနေ့ညနေ ၂ နာရီ မိနစ် ၂၀ အချိန်ခန့်က အရှိန်လွန်ပြီး ပေ (၅၀၀) ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်၍ ယာဉ်မောင်းနှင့် သမီးဖြစ်သူ (၂) ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ထန်တလန်မှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်မောင်း ဦးချွမ်းလိန်း အသက် (၅၅) နှစ် မောင်းနှင်လာသည့် အိမ်စီးကား (၄) ဘီးကားခဲရောင်သည် အရှိန်လွန်ပြီး ပေ (၅၀၀) ခန့်ချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်စက်ယာဉ် (၁) စီးနှင့် သူနာတင်ယာဉ် (၁) စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သေဆုံးသူ (၂) ဦးတို့အား ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ဟားခါးခရိုင် စခန်းရှိ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း ယာဉ်မောင်းအား ဟားခါးမြို့မ ရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။
အောင်ခွီရှိန်း