သတင်းများ

သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီမြတ်ကြီး၌ (၂၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပ
May 26,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးတွင် ၁၃၈၃ နှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၂၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ စေတီတော်မြတ် အရှေ့ဘက်မုမ် မဟာဗောဓိညောင်ပင်တွင် ကျင်းပဝည်။
ဝေါလေမြိုင်မြို့၌ ကဆုန်လပြည့်နေ့ တရားတော်နာနှင့် ညောင်ရေသွန်းလောင်းပွဲ ကျင်းပ
May 26,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကဆုန်လပြည့်နေ့ တရားတော်နာနှင့် ညောင်ရေသွန်းလောင်းပွဲကို ယမန်နေ့က ဌာနဆိုင်ရာများနှင့် ရပ်မိ/ရပ်ဖများ စုပေါင်း၍ ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်မျိုးအောင်စေတီတော်တွင် ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ချေးငွေထုတ်ချေးပေး
May 26,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပထမအကြိမ် ထုတ်ချေးပေးမှုအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက ယနေ့ နံနက် (၁၀)နာရီအချိန်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များနှင့် အညီ ချေးငွေများ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မအူပင်မြို့တွင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ညောင်ရေသွန်းလောင်း ပူဇော်
May 26,2021
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင်ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သော မြတ်ဗုဒ္ဓ၏ထူးမြတ်သောနေ့ ဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင်အမှတ်(၃)ရပ်ကွက် မြို့ကျက်သရေဆောင် ရွှေဘုန်းမြင့်ဘုရားရှေ့ ရှိ ဗောဓိညောင်ပင်တွင် မေ၂၅ရက် မွန်းလွဲ ၂ နာရီကစတင်ကာ အစဉ်အလာမပျက် ကုသိုလ်ပြုကာပြည်သူများမှညောင်ရေအိုများဖြင့် ဗောဓိညောင်ပင်ကို သွန်းလောင်းပူဇော်ခြင်းဆောင်ရွက်သည်။
ကဆုန်လပြည့်နေ့၌ မိုင်းဖြတ်မြို့၊ ဓာတ်ပေါင်းစုစေတီတော်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
May 26,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကဆုန်လပြည့်နေ့၊ ယမန်နေ့ ညနေ ၃နာရီခွဲအချိန် ခန့် က ရှေးဟောင်းသမိုင်းဝင် ဓာတ်ပေါင်းစုစေတီတော် ပရဝဏ်အတွင်း၌ ဆွမ်းဆန် စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲကို ဆည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့တွင် ကဆုန်ညောင်ရေသွန်း လောင်းလှူပွဲကျင်းပ
May 26,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ညောင်ပင်များတွင်  မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာများနှင့် အညီ  ရိုးရာမပျက် ညောင်ရေသွန်းလောင်းခဲ့ကြကြောင်း သိရသည်။
ကျိုက်ဒုံမြို့၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော် ကျင်းပ
May 26,2021
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ တိဿာရာမစာသင်တိုက်၊တောင်ပေါ်ကျောင်းတွင် ယမန်နေ့ ညနေ ၅ နာရီက ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ ကဆုန် ညောင်ရေသွန်းလောင်းပူဇော်
May 26,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့တွင် ကဆုန် ညောင်ရေသွန်းလောင်းပူဇော်ခြင်းကို ယမန်နေ့ ညနေ (၄) နာရီက တောင်ကြီးမြို့ စူဠာမုနိ လောကချမ်းသာ စေတီတော်မြတ်ကြီးရှိ ပရိဘောကစေတီခေါ် မဟာဗောဓိပင်အား ညောင်ရေ သွန်းလောင်းပူဇော်ကြကြောင်းသိရသည်။