ခန္တီးမြို့ ကမ်းနားလမ်းရှိ စည်ပင်သာယာရေးပိုင် ကျွန်းတော၌ EM ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်

ခန္တီး ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ကမ်းနားလမ်းရှိ စည်ပင်သာယာရေးပိုင် ကျွန်းတောတွင် ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍  EM ဘိုကာရှီ သဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အရင်ကဆိုရင် ဒီကျွန်းတောမှာ ကြွေကျနေတဲ့ သစ်ရွက်တွေကို တစ်ခြားနေရာမှာ လွှင့်ပစ်သိမ်းဆည်းနေရတာ ဖြစ်ပါတယ်။ အခုတော့ ဒီကြွေကျနေတဲ့ သစ်ရွက်တွေကို EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်တာဖြစ်ပါတယ်။ ဒီသဘာဝမြေဆွေးများကို စည်ပင်က အသုံးပြုလို့ရမှာ ဖြစ်ပါတယ် " ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက ပြောသည်။

အဆိုပါမြေဆွေးပုံပြုလုပ်သုံးစွဲခြင်း ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဘကြိုင်နှင့် ဝန်ထမ်းများ တက်ရောက် ကြကြောင်း သိရသည်။

အမ်းအင်းလမ်း