ဒီးမော့ဆို ဇန်နဝါရီ ၃၁
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယမန်နေ့က သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေ သွားရောက်ပေးအပ်ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစဲရယ်သိန်းအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီးမော့ဆိုမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ထပ်တိုး အိမ်ထောင်စု ၁၇၈ စု အား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေ ၃၅၆၀၀၀၀ ကျပ်ကို သွားရောက်ပေး အပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)