ဒီးမော့ဆိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာများအား ဆုချီးမြှင့်
Feb 05,2021
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂၁)ရွာတွင် စီမံကိန်းရန်ပုံငွေ (၁၆)ယူနစ် (တစ်ယူနစ်လျှင် ငွေကျပ် ၃၀၀ သိန်း)ဖြင့် လုပ်ငန်းဆောင်ရွက်မူများအပေါ် မြို့နယ်အဆင့် သုံးသပ် ဆွေးနွေးခြင်းနှင့် ဆုရရှိသော ကျေးရွာ များအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။