မအူပင်မြို့တွင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ညောင်ရေသွန်းလောင်း ပူဇော်

မအူပင် မေ ၂၆ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့၌ ကျင်းပပူဇော်လေ့ရှိကြရာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ဗုဒ္ဓဘာသာ ဝင်များ၏ ကိုးကွယ်ရာဖြစ်သော မြတ်ဗုဒ္ဓ၏ထူးမြတ်သောနေ့ ဖြစ်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင်အမှတ်(၃)ရပ်ကွက် မြို့ကျက်သရေဆောင် ရွှေဘုန်းမြင့်ဘုရားရှေ့ ရှိ ဗောဓိညောင်ပင်တွင် မေ၂၅ရက် မွန်းလွဲ ၂ နာရီကစတင်ကာ အစဉ်အလာမပျက် ကုသိုလ်ပြုကာပြည်သူများမှညောင်ရေအိုများဖြင့် ဗောဓိညောင်ပင်ကို သွန်းလောင်းပူဇော်ခြင်းဆောင်ရွက်သည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ကာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့သို့ရောက်တိုင်း မဟာဗောဓိ ညောင်ပင်ကို ရည်မှန်းပြီး မိမိတို့ကိုးကွယ် ဆည်းကပ်ရာ ကျောင်းကန်ဘုရားများ၌ စိုက်ပျိုးပူဇော် ထားအပ်သော ညောင်ပင်များကို ရေသွန်းဖျန်း ပူဇော်လေ့ရှိကြပြီး ဗောဓိညောင်ပင်များအား ရေသွန်းဖျန်းပူဇော်ခြင်းကို ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ မြို့နယ်အတွင်း ရှိပြည်သူများလာရောက်ကာညောင်ရေသွန်း ကုသိုလ်ပြုခြင်း၊ ရွှေဘုန်းမြင့်ဘုရားတွင်ပန်း၊ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်းများ ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

အောင်ခိုင် ပြန်/ ဆက်