ရန်ကုန် မေ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးတွင် ၁၃၈၃ နှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ (၂၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ စေတီတော်မြတ် အရှေ့ဘက်မုမ် မဟာဗောဓိညောင်ပင်တွင် ကျင်းပဝည်။
ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားအား နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး စေတီတော်မြတ် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ကျော်မိုးကြည် (ငြိမ်း) နှင့် ဂေါပကအဖွဲ့ဝင်များ၊ စေတီတော်မြတ် ဝန်ထမ်းများက ညောင်ရေသွန်းလောင်းအိုးများဖြင့် စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ် လှည့်လည်ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် စေတီတော်မြတ် အရှေ့မုမ်ဦးရှိ မဟာဗောဓိညောင်ပင် ကြီးတွင် ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၏ ၁၃၈၃ နှစ်၊ (၂၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်