ကော့ကရိတ် မေ ၂၆
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်၊ ကျေးရွာများရှိ ညောင်ပင်များတွင် မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာများနှင့် အညီ ရိုးရာမပျက် ညောင်ရေသွန်းလောင်းခဲ့ကြကြောင်း သိရသည်။
ယခုနှစ်တွင် ကိုဗစ် -၁၉ ရောဂါကြောင့် ယမန်နှစ်များနှင့်မတူဘဲ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများတွင် မိမိတို့အစီအစဉ်ဖြင့်သာ ညောင်ရေသွန်းလောင်းလှူပွဲတွေကို ကျင်းပ ကြသည်။ ယမန်နှစ်များတွင် ဇေနတုခစေတော်တီကြီးဝင်းအတွင်းမှာ ညောင်ရေသွန်းလောင်းလှူပွဲ ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်မူ ရပ်ကွက်များမှ ဒေသခံပြည်သူ များက မိသားစုဝင်များ၊ အပေါင်းသင်းများနှင့်အတူ လာရောက်ညောင်ရေသွန်းလောင်းကြသည် ဟု အမှတ် (၅)ရပ်ကွက် ဒေသခံတစ်ဦးထံမှ သိရသည်။
ခရိုင် (ပြန် / ဆက်)