ကျိုက်ဒုံ မေ ၂၆
ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းအတွက် နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ တိဿာရာမစာသင်တိုက်၊တောင်ပေါ်ကျောင်းတွင် ယမန်နေ့ ညနေ ၅ နာရီက ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ တိဿာရာမစာသင်တိုက်၊ တောင်ပေါ်ကျောင်းဆရာတော်ထံမှ ဒေသနေပြည်သူများက ငါးပါးသီလ ခံယူခဲ့ကြပြီး ဗောဓိညောင်ပင်အားရေသွန်းလောင်းခြင်း၊ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ အမွေးနံသာရေများ ပက်ဖျန်းပြီး လိုရာဆုများ တောင်းခဲ့ကြသည်။
ဆက်လက်၍ တောင်ပေါ်ကျောင်းပရဝုဏ်အတွင်း၌ တည်ထားကိုးကွယ်သော ရန်ပြေစေတီ၊ မာန်ပြေစေ တီအား အောက်ခြေမြေထိန်းနံရံပြုပြင်ခြင်းကို လုပ်အားဒါနများဖြင့်ပါဝင်ဆောင်ရွက်ခဲ့ပြီးအလှူရှင်၊ စေတနာရှင်များ က စတုဒိသာနှင့်အအေးများ တိုက်ကျွေးခဲ့ကြောင်းသိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)