မိုင်းဖြတ် မေ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကဆုန်လပြည့်နေ့၊ ယမန်နေ့ ညနေ ၃နာရီခွဲအချိန် ခန့် က ရှေးဟောင်းသမိုင်းဝင် ဓာတ်ပေါင်းစုစေတီတော် ပရဝဏ်အတွင်း၌ ဆွမ်းဆန် စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲကို ဆည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း ဆရာတော်(မဟာသဒ္ဒမဇောတိကဓဇ) ဦးနန္ဒောဘာသနှင့် ပင့်သံဃာ (၄၅)ပါးတို့က အဝေရာသုခ သိမ်တော်အတွင်းမှ ကြွရောက်တော်မူပြီး ဓာတ်ပေါင်းစုစေတီတော်အတွင်း အလှူရှင်များက ဆွမ်းဆန်စိမ်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို ကုသိုလ်ပြုလောင်းလှူခဲ့ကြသည်။
ယင်းနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲသို့ လာကြသည့် ဝတ်ရွတ်အသင်းများ၊ မြို့နယ်အတွင်းမှ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များက ဓာတ်ပေါင်းစုစေတီတော် ပရဝဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်၌ မြတ်စွာဘုရှင်းအား ရည်မှန်း၍ ဆုတောင်းမေတ္တာများ ပို့သခြင်းဖြင့် ကဆုန်ညောင်ရေ သွန်းလောင်းခြင်းကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းသမိုင်းဝင် ဓာတ်ပေါင်းစုစေတီတော်၌ (ပထမ)အကြိမ် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းဆန်းစိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲကို ယခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တာဖြစ်ပြီး နောက်နှစ်များတွင်လည်း ဤကဲ့သို့ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမည ်ဖြစ်ကြောင်း အရှင်သူကုမာရထံမှသိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)