ဝေါလေမြိုင်မြို့၌ ကဆုန်လပြည့်နေ့ တရားတော်နာနှင့် ညောင်ရေသွန်းလောင်းပွဲ ကျင်းပ

ဝေါလေမြိုင် မေ ၂၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကဆုန်လပြည့်နေ့ တရားတော်နာနှင့် ညောင်ရေသွန်းလောင်းပွဲကို ယမန်နေ့က ဌာနဆိုင်ရာများနှင့် ရပ်မိ/ရပ်ဖများ စုပေါင်း၍ ဝေါလေမြိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်မျိုးအောင်စေတီတော်တွင် ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာ၌ ကဆုန်လပြည့်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် ဝေါလေမြိုင်မြို့၊ ကမ္ဘာလင်းအေးကျောင်းတိုက် ဆရာတော် ဦးဇောတိကထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များကို ခံယူနာယူကြပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ကဆုန်လပြည့်နေ့၊ ညနေ ၃ နာရီအချိန်တွင် ရန်မျိုးအောင်စေတီတော်ရှိ မဟာဗောဓိညောင်ပင်တွင် ဝေါလေမြိုင်မြို့၊ ကမ္ဘာလင်းအေးကျောင်းတိုက် ဆရာတော်ဦးဇောတိက အမှူးပြုပြီး ဝေါလေမြိုင်မြို့၊ ဌာနဆိုင်ရာများ၊ ရပ်မိ/ရပ်ဖများနှင့် ပြည်သူများက မြတ်စွာဘုရားအား ရည်မှန်း၍ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)