ဖလမ်း ဖေဖော်ဝါရီ ၅
ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် လမ်းအကွေ့တွင် ယနေ့နံနက် ၅ နာရီခန့်က ကုန်တင်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်သို့ လဲကျတိမ်းမှောက်သွားကြောင်း ဖလမ်းမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ကလေးမြို့မှ ယာဉ်မောင်း လျန်းရှင်စန် မောင်းနှင်လာသော CDW SINO TRUK အပြာရောင်ယာဉ်သည် ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်သို့ လဲကျတိမ်းမှောက်သည်။
ယာဉ်ထိန်းမှောက်မှုကို ဖလမ်းမြို့၊ အမှတ်(၁၀၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ်စည်သူဆွေ၊ မြို့မရဲစခန်း စခန်းမှူးဒုရဲမှူး သိန်းဇော်၊ ဖလမ်းခရိုင် မီးသတ်ဦးစီးမှူး ဦးစာရုံမန်းနှင့်တပ်ဖွဲ့ဝင်များက ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် CDW SINO TRUCK အပြာရောင်ယာဉ်သည် ရှေ့လေကာမှန်ကွဲခဲ့ပြီး ယာည်မောင်းမှာ ထိခိုက်ဒဏ်ရာရှိမှုမရှိဘဲ ကားပေါ်တွင် တင်ဆောင်လာသော ဆန်အိတ်များ လွင့်စင်ကျခဲ့ ကြောင်းနှင့် ယာဉ်မောင်းအား ဖလမ်းမြို့ မြို့မရဲစခန်း အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။
ဂျွန်