သတင်းများ

သံတောင်ကြီးမြို့နယ် ချောင်းနှစ်ခွကျေးရွာတွင် အမျိုးသမီးနှင့်ခေါင်းဆောင်မှုနှင့် ကျား မ အခြေပြုအကြမ်းဖက်မှု လျှော့ချရေး သင်တန်း ဖွင့်လှစ်
Jan 31,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် Paung Sie Focilicity (PSF)၏ ပံ့ပိုးကူညီမှုဖြင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့က ဦးဆောင်ကာ အမျိုးသမီးနှင့်ခေါင်းဆောင်မှု ၊ ကျားမ အခြေပြုအကြမ်းဖက်မှု လျော့ချရေး သင်တန်းကို ဇန်နဝါရီလ(၂၈)ရက်နေ့ မှ (၃၀)ရက်နေ့အထိ စီပင်ကြီး ကျေးရွာအုပ်စု ချောင်းနှစ် ခွကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမ၌ပြုလုပ်သည်။
အောင်မြေသာစံမြို့နယ်တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်
Jan 31,2021
ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉နာရီက အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၄လမ်း၊ ၆၄လမ်းနှင့်၆၅လမ်း ကြား၊ အမှတ်(၁၄)အ ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။
ကျောက်ကြီးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေးမှူး(၅)ဦး ရွေးချယ်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ရာ အိမ်မှူး၊ နှင့်အုပ်ချုပ်ရေးမှူးကောင်းများရွေးချယ်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုရပ်မိရပ်ဖများ ရွေးချယ် ခြင်းကိုယနေ့နံနက်(၉)နာရီက ဆားတန်းရပ်ကွက်ဓမ္မာရုံနှင့် တောင်ငူတန်းရပ်ကွက် စာသင်ကျောင်းတို့၌ပြုလုပ် ခဲ့သည်။
ကြို့ပင်ကောက်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုများ၏ ကြီးကြပ်ရေးမှူး(၅)ဦးရွေးချယ်ဖွဲ့စည်းရေး ဌာနဆိုင်ရာများမှ ကွင်းဆင်းဆောင်ရွက်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် ရပ်ကွက်ကျေးရွာအုပ်စု ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် အုပ်ချုပ်ရေးမှူး များ စီစစ်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးရွေးချယ်ခြင်းကို ယမန်နေ့ စတင်ဆောင်ရွက်လျက်ရှိသည်။
နတ်တလင်းမြို့နယ်တွင် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့ မြို့မစည်ပင်သာယာစျေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး၊ ပွင့်လင်းရာသီမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်သည့်အနေဖြင့် ယမန်နေ့ နေ့လယ် ၁၂နာရီအချိန်က မီးဘေးကြိုတင် ကာကွယ်ရေးစျေးသူစျေးသားများနှင့် စျေးမိစျေးဖများလက်တွေ့ မီးငြိမ်းသတ် နည်းလေ့ကျင့် ဇာတ်တိုက်ပြုလုပ်ခဲ့ ကြောင်းသိရသည်။
မိုးညိုမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုလဲခြင်းနှင့်အမိုးလန်ခြင်းများဖြစ်ပွား
Jan 31,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မိုးရွာ သွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများအတွင်း နေအိမ်များ ပြိုလဲခြင်းနှင့် အမိုးလန် ခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဂန့်ဂေါမြို့နယ်တွင် အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေကြေး ပေးအပ်
Jan 31,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်ကာလအတွင်း အသက် ၁၀၀ နှစ် အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေကြေးပေးအပ်ခြင်းကို ဂန့်ဂေါမြို့နယ် ခေါက်ခူ ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်
Jan 31,2021
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ဘဏ္ဍာ ရေး နှစ် ပထမသုံးလပတ် အောက်တိုဘာ ၊နိုဝင်ဘာ၊ ဒီဇင်ဘာလ အတွက်အသက်( ၈၅)နှစ်အထက်ဘိုးဘွား များအား လူမှုရေးပင်စင်(၃၀၀၀၀) ကျပ် နှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်ဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် အသက်(၁၀၀) နှစ်ထက် သက်ကြီးရွယ်အို များအားထပ်ဆောင်းထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ ပေး ခဲ့ကြောင်းသိရသည်။