ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

လွိုင်ကော် ဖေဖော်ဝါရီ ၅

ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့်ဌာနဆိုင်များ တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်း က ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး(ခ)ဘူးရယ်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ဌာနအသီးသီးတွင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ကြရန် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက် သွားကြရန်နှင့် မိမိအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း အဓိက ထား လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေကြစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်လာစေရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကယားပြည်နယ် ဒေသကွပ်ကွဲမှု စစ်ဌာနချုပ် လွိုင်ကော်ဒေသ ကွပ်ကဲရေးမှူးက ဌာနဆိုင်ရာများ အနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါ ပွင့်လင်းစွာ ဆွေနွေးပြောကြားဖို့ လိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် ဆောင်ရွက်သည့်လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြ မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

တွေ့ဆုံပွဲတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် လွိုင်ကော်ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး၊  ပြည်နယ် အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြောင်း သိရှိရ သည်။

ခရိုင် (ပြန်/ဆက်)