ညောင်လေးပင် ဖေဖော်ဝါရီ ၅
ညောင်လေးပင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ပိန်းဇလုပ်မြို့မြို့မ(၂) ရပ်ကွက် ဗိုလ်မြတ်ထွန်းအောင်လမ်းရှိ မီးဘေးသင့် ပျက်စီးနေအိမ်တစ်လုံးအတွက် ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပန်းအိခိုင်၊ ပိန်းဇလုပ်မြို့ အုပ်ချုပ်ရေးမှူး ဦးလင်းအောင်နှင့် တာဝန်ရှိသူများက အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ ၂၀၀၀၀၀ ကျပ်၊ အိမ်ထောင်စုတစ်စုရှိ လူဦးရေ (၆)ဦးစာအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၁၂၆၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၂၁၂၆၀၀ ကျပ်နှင့် အတူ ထောက်ပံ့ရေးပစ္စည်း (၁၉)မျိုးအား လက်အဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
သက်လွင်(ညောင်လေးပင်)