သုံးခွမြို့နယ်တွင် သံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေး

သုံးခွ ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် သံဃာတော်များ ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြည့်သူဆေးရုံ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်း ဦးဆောင်သော ကျန်းမာရေး၀န်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံကြသည့်  သံဃာတော်များ ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီးနောက် ပုံမှန်အနေအထားရောက်မှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံသူများကို မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

(ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး သုံးခွမြို့ပေါ် ရပ်ကွက်နှင့်‌ ကျေရွာများရှိ အသက်၁၈နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို  ဧပြီ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်‌ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)