မင်းရဲကျော်စွာလမ်းမကြီးအား ကွန်ကရစ်လမ်းလုံးပြည့်ခင်းခြင်းဆောင်ရွက်

တွံတေး     ဧပြီ ၂၀

ပြည်သူလူထုသွားလာမှုအဆင်ပြေချောမွေ့စေရန်အတွက် အဓိကလမ်းမကြီးများကို အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများ  ဆောင်ရွက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ -၂၀၂၁ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တွံတေးမြို့အုန်းပင်စုရပ်ကွက်နှင့် မင်းပိုင်းရပ်ကွက်ကြားရှိ  မင်းရဲကျော်စွာလမ်းမကြီးကို ကွန်ကရစ်လမ်းလုံးပြည့်ခင်းခြင်းကို ယနေ့ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

တွံတေးမြို့နယ်တွင် ၂၀၁၉-၂၀၂၀တွင် ရွှေဆံတော် ဘုရားလမ်းမကြီးကိုကွန်ကရစ်လမ်း လုံးပြည့်ခင်းခြင်း၊ ကံသာယာ လမ်းမကြီးအား ကတ္တာရာထပ်ပိုးလွှာခင်းခြင်းများဆောင်ရွက်ခဲ့ပြီး  ယခုအခါပြည်သူများ ယာဉ် အန္တရာယ် ကင်းရှင်းစွာသွားလာနိုင်ရေး၊ ယာဉ်တိုက်မှုအန္တရာယ်မှကင်းဝေး စေရန်အတွက် မင်းရဲကျော်စွာ လမ်းမကြီးကို တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၅၂.၅သန်းဖြင့် စတုရန်းပေ၂၄၈၈၅.၇၄၆ (အရှည်ပေ ၉၀၀ ကျော်) ကိုယခင်မူလ လမ်းကွန်ကရစ်ကတ္တာရာထပ်ပိုးလွှာလမ်း၁၈ပေ ဘေးတဖက်တစ်ချက်ကျန်ရှိမြေ သားလမ်းအကျယ်ပေ ၂၀စီကို ကွန်ကရစ်ပေ၂၀၊ ထုခြောက်လက်မလမ်းလုံး ပြည့်ခင်းခြင်းဖြင့် လမ်းအကျယ်စုစုပေါင်း (၅၈) ပေ ထိရှိလာမည်ဖြစ်ပြီး ကွန်ကရစ်လမ်းသစ်ကြီးပြီးစီးသွားပါက ခရီးသွားပြည်သူများယာဉ် အန္တရာယ်ကင်း ရှင်းစွာသွားလာနိုင်တော့ မည်ဖြစ်ကြောင်းတာဝန်ခံ အင်ဂျင်နီယာထံမှ သိရှိရသည်။

      

မျိုးလှိုင်  (  တွံတေး  )