ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား လုပ်ငန်းမွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

မြင်းမူ ဧပြီ ၂၀

ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး    မွမ်းမံ သင်တန်းပို့ချခြင်းကို ဧပြီလ (၁၉) ရက်နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များ ကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက    အုပ်ချုပ်ရေး မှူးများ အသုံးပြုလျက်ရှိသည့် ပုံစံ (၂၇) မျိုး ရေးသွင်းမှု လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်ဦးစီးမှူး (လျှပ်စစ်) က ကျေးလက်မီးလင်းရေး လုပ်ငန်းကိစ္စများကိုလည်းကောင်း၊ မြို့နယ်ဦးစီးမှူး (မီးသတ်) ဌာနက မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းများ နှင့် မြို့နယ်ဦးစီးမှူး (မွေး/ကု) ဌာနက မြစိမ်းရောင်ချေးငွေ ကိစ္စရပ်များနှင့် ကျွဲနွားများရောဂါ ကာကွယ် ကု/သ ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးပို့ချပေးခဲ့သည်။

သင်တန်းသို့   မြို့ပေါ်ရပ်ကွက် (၄) ခုနှင့် ကျေးရွာအုပ်စု (၄၈) အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ (၁) ရက်ကြာ သင်တန်းတက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)