ဆင်ပေါင်ဝဲ ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အိုးဘိုရပ်ကွက်မှ မေမြို့ပန်းစိုက်တောင်သူများသည် ပန်းများလှိုင်လှိုင်ပေါ်ပြီး ရောင်းအားကောင်း သဖြင့် အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။
မေမြို့ပန်းကို ငါးလခန့် အချိန်ယူစိုက်ပျိုးရပြီး ထွန်ယက်ခ၊ ပေါင်ဆွဲခ၊ ပျိုးပင်များပြန်လည်စိုက်ပျိုးစရိတ်နှင့်ဆို လျှင် တစ်ဧက ကျပ်သုံးသိန်းခွဲဝန်းကျင်ခန့် ကုန်ကျကြောင်းလည်း သိရသည်။ ပန်းများကို ရေဖျန်းခြင်းမဟုတ်ဘဲ မြေအောက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးပြီး မြေကြီးအစိုအခြောက် အပေါ် မူတည်၍ ငါးရက် (သို့မဟုတ်) ခုနှစ်ရက်တစ်ခါ ရေသွင်းပေးရသည်။
ပိုးသတ်ဆေးများကို ပိုးကျမှဖျန်းပြီး အပင်အားကောင်းဆေးများလည်း စိုက်ပျိုးမည့်အချိန်တွင် နွားချေး၊ မြေဆွေးများ ခံထားသည့်အတွက် လိုအပ်မှသာ ပက်ဖျန်းပေးရကြောင်းလည်း သိရသည်။ ပန်းများပေါ်သည့်အ ချိန်တွင် တစ်ပြိုင်တည်း ပွင့်သည့်အတွက် နေ့စဉ်ရက်ဆက် ရောင်းချနေရပြီး မေမြို့ပန်းတစ်ပင် ၈၀ ကျပ်၊ သုံးပင်စည်း တစ်စည်းလျှင် ၂၀၀ ကျပ်နှုန်းဖြင့် လှိုင်လှိုင်ရောင်းချနေရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေကြောင်း ဆင်ပေါင်ဝဲမြို့နယ် အိုးဘိုရပ်ကွက်မှ မေမြို့ပန်းစိုက်တောင်သူ ဦးအုန်းမောင်ထံမှ သိရသည်။
ချိုချိုဝင်း