စစ်ကိုင်း ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ် ကြီးကြပ်မှုနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ဧပြီ (၂၀) ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပထမအကြိမ်ထိုးနှံပြီးသူ (၅၂၀၀) ကျော်ရှိသည့်အနက် ယခုကျန်ရှိနေသူများကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ စစ်ကိုင်း တောင်ရိုး၊ မင်းကွန်း တောင်ရိုးရှိ သံဃာတော်များ၊ သီလရှင်ဆရာကြီး/ ဆရာလေးများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ပထမအကြိမ်တွင် မတ်လ (၁၂) ရက်မှ (၁၆) ရက် နေ့အထိ ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်တွင် ဧပြီ (၉) ရက်မှ (၁၂) ရက်နေ့အထိထိုးနှံပေးခဲ့ရာ မဟာသင်္ကြန်အပြီး ယခုဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်